Tuesday, September 11, 2007

Internet & Email



' How Your's Lives are Changed and Raised by Internet Obviously '
Let's show our Creations.
Let's share and receive Suggestions.
Let's study our Requirements.
Let's float up with Globalization.

မင်္ဂလာပါ
1. ကမ္ဘာမှာ နေ့စဉ်ဖြစ်ပျက်ပြောင်းလဲနေတဲ့ အကြောင်းအရာ၊ ပြသာနာတွေကို အသေးစိတ်သင်သိလိုပါသလား။
ကမ္ဘာကျော် သတင်းစာကြီးတွေ၊ မဂ္ဂဇင်းကြီးတွေ၊ ဂျာနယ်ကြီးတွေ လေ့လာဖတ်ရှုနိုင်ရန် Internet မှ သင့်ကို လက်ကမ်းကြိုဆိုနေပါတယ်။
2. သင့်ရဲ့ ဗဟုသုတတွေ တိုးပွားစေလိုပါသလား? ကမ္ဘာကျော် စာရေးဆရာကြီးတွေရဲ့ စာပေလက်ရာတွေ၊ ဒဿနတွေကို ဖွင့်ကြည့်လိုပါသလား?
Wikipedia လို ကမ္ဘာစွယ်စုံကျမ်းကြီးသဖွယ် ပြည့်စုံလှတဲ့ Websites တွေကို Internet မှ လွဲပြီး သီးခြားရနိုင်တဲ့နေရာ ရှိနိုင်ပါသေးလား။ ဤ Websites တွေကို သင့်ရဲ့ ဗဟုသုတ တိုးပွားရေးကို လက်ကမ်းကြိုဆိုနေပါတယ်။
3. ကမ္ဘာ့ပညာရေး အခြေအနေ ဘယ်အဆင့်ထိ ရောက်နေပြီဆိုတာ သင် သေသေချာချာ၊ တိတိကျကျ၊ ပြည့်ပြည့်စုံစုံ သိလိုပါသလား၊ ပညာရေးမှာ ကမ္ဘာကို ရင်ဘောင်တန်းနိုင်အောင် ဘယ်လိုကြိုးစားအားထုတ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေ သင်ရရှိပိုင်ဆိုင်လိုပါသလား။
Internet မှ သင်သိလိုတဲ့ အကြောင်းအရာတွေ သက်ဆိုင်ရာ Internet Websites တွေထဲမှာ အပြည့်အစုံ အသင့်ရှိနေပါလိမ့်မယ်။
4. ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေမှာ ပညာသင်ယူလိုပါသလား။ ၄င်းတက္ကသိုလ်ကြီးတွေ အကြောင်း စေ့စေ့ငှငှ သင်သိလိုပါသလား။
နိုင်ငံခြားသို့ လေယာဉ်ကြီးတွေ စီးပြီး ငွေအကုန်အကျခံသွားရောက်လေ့လာဖို့ မလိုပါဘူး၊
သင့်ဘေးက Internet ရှေ့မှာထိုင်လိုက်၊ ပြီးရင် သင်သိချင်တဲ့ ကျောင်းကြီးတွေရဲ့ Website လိပ်စာကို ရိုက်ထည့်လိုက်။
သင် သိချင်ပါတယ်ဆိုတဲ့ ကျောင်းကြီးက သင့်ရှေ့မှာ ရောက်လာပါလိမ့်မယ်။ ဘယ်လောက်အချိန်တွေ ကျုံ့သွားလဲ၊ ငွေကုန်ကြေးကျ ဘယ်လောက်သက်သာသလဲ။ ဒါ Internet ပဲလေ။
5. သင့်မှာရှိတဲ့ အရည်အချင်းတွေ၊ သင် ရေးသားပြုစုထားတဲ့ သင့်ရဲ့ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊ သင်လက်တလောသိရတဲ့ သတင်းကောင်းတွေ၊ သင်ဖန်းတီးထားတဲ့ သင့်ရဲ့ ပန်းချီ၊ ဓါတ်ပုံ၊ Fashion design စတဲ့ သင့်ရဲ့ အနုပညာတွေ၊ သင့်ရဲ့စိတ်ဝင်စားဖွယ်နေ့စဉ်မှတ်တမ်းတွေ၊ ကမ္ဘာ့လူထုကြီးသိအောင် ထုတ်ဖော်ဖွင့်ပြလိုပါသလား။
စာအုပ်တွေ ရိုက်နှိပ်ထုတ်ဝေဖို့ မလိုပါဘူး။ Internet မှာ သင့်ရဲ့ မြန်မာလို၊ အင်္ဂလိပ်လို သုံးလို့ရတဲ့ Blog လိပ်စာရိုက်ထည့်လိုက်။ ပြီးရင် ကမ္ဘာကို သင်ပြလိုတဲ့ သင့်ရဲ့ပညာကို ဖော်ပြလိုက်ပေတော့။
6. မိတ်ဆွေဘာ့ကြောင့် တွေနေတာလဲ။ နိုင်ငံရပ်ခြားမှာ ပညာသွားသင်တဲ့ သူငယ်ချင်းနဲ့ ခွဲရလို့လား။ သူနဲ့ စကားမပြောရ ဆွေးနွေးခွင့်မရလို့လား။
ဒါများဗျာ... ခင်ဗျားကလည်း ခက်တာလိုက်လို့။ လာ- ကျုပ်နဲ့လိုက်ခဲ့။ ဒီခလုတ်ကို ဖွင့်။ ဒီစာလေး ရေးထည့်လိုက်၊ အဲဒါ ခင်ဗျားသူငယ်ချင်းပဲ မဟုတ်လား၊ ခင်ဗျားဆွေးနွေးလိုရာ ဆွေးနွေးပေတော့၊ သြော် --- ခဏ၊ ခဏ၊ ခင်ဗျား အဲဒါဘာလဲ သိလား။ Internet ဗျ။
7. သင်ဟာ နိုင်ငံခြားကို သွားရောက် အလုပ်လုပ်ကိုင် လိုပါသလား။ သင့်ရဲ့ အလုပ်အကြောင်းသိလိုပါသလား။ ဟိုး--- အဝေးကြီးမှာ ပင်ပန်းခံသွားရှာဖို့ မလိုပါဘူး။ Internet ကိုသာ အကူအညီတောင်းလိုက်၊ သင့်ရဲ့ အခက်အခဲတွေမှန်သမျှ ဖြေရှင်းပေးပါလိမ့်မယ်။
8. စီးပွားရေးသမားတွေ အတွက်ကောဗျာ။
မပူပါနဲ့။ သူလည်းထိုင်ရာက မထရပါဘူး။ Internet ကပဲ ငွေသွင်းငွေထုတ်လုပ်၊ မိသားစုနဲ့ မခွဲမခွာ အတူနေရပြီး၊ အချိန်တန်ရင် ငွေပိုက်ထားလိုက်ရုံပါပဲ။ ဘယ်လောက် ပိုင်ထားလဲ။
9. ကမ္ဘာ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြောင်းလဲလာတဲ့ ပထ၀ီအနေအထား စတဲ့ စတဲ့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အရာတွေနဲ့ ပတ်သက်ပြီးသင်သိလိုပါသလား။
ဘာမှ တွေမနေနဲ့မိတ်ဆွေ၊ Internet လေဗျာ၊ Internet ။
မိတ်ဆွေကြီး
ပတ်ဝန်းကျင်မှာ လူပြောများလာတဲ့ စကားလုံးတစ်လုံးကြားမိမှာပါနော်-
"Globalization" လေ
အဲ "ဂလိုဘယ်လိုက်ဇေးရှင်း" ကို ဖန်းတီးဖြစ်ပေါ်လာစေတဲ့ အထဲမှာ Internet က အဓိက အခန်းက ပါတာဗျ။

မိတ်ဆွေ-
Internet ကိုတော့ မေ့မယ်မကြံနဲ့
"အင်တာနက်" မေ့လို့ကတော့
"သင့်ဘ၀" အမှောင်ထုထဲ တဖြည်းဖြည်း ရောက်သွားမယ်နော်-


Sunday, September 9, 2007



  • "လယ်ယာစိုက်ပျိုးရေးယဉ်ကျေးမှုလှိုင်း" ကိုဖြတ်သန်း "စက်မှုယဉ်ကျေးမှုလှိုင်း" ကို ကျော်လှမ်းဆဲ လှမ်းပြီး။ "အနာဂတ်တုန်ခါမှု ခံနိုင်စွမ်း" ရှိရန် အရေးကြီး၏။
  • "ပါဝါအပျော့" ( Intangible Power ) များခေတ် ရောက်ပြီ။
  • မကြာသေးမီ ဆယ်စုနှစ်အတွင်းက သေးသေးကွေးကွေး "မိုက်ခရို ချစ်(ပ်)" (Micro Chip) ပစ္စည်းလေးသည် လူ့သမိုင်းကြီးတစ်ခုလုံးကို တစ်ဆစ်ချိုး ပြောင်းလဲပစ်လိုက်သည်။ ယင်းမှ "သတင်းနည်းပညာခေတ်" ကို မွေးဖွားပေးလိုက်သည်။
  • "အစစ်အမှန်အချိန်" (Real Time) နှင့် လှုပ်ရှားပြီး "စီးမျောအာကာသ" (Floating Space) ကို ဖန်တီးထားသော "သတင်းလမ်းမကြီး" (Information Super High Way) ပီပီသသ ပေါ်ထွက်လာသည်။
  • "အချိန်" နှင့် "နေရာ" ဆိုသော ဒိုင်မင်းရှင်းများ ကျဉ်းကျုံ့သွားသည်။
  • "စုပတ်လမ်း" (Assembly Line) ကျိုးပေါက်သွားပြီး ကမ္ဘာပတ်၍ အလုပ်လုပ်လာကြသည်။ "အလုပ်၏အနာဂတ်" ကို "နက်ဝပ်" "မိုဘိုင်း" "ဖရီး" တို့ဖြင့် ပုံဖော်ထားကြသည်။
  • "အီး - ကူးသန်းရောင်းဝယ်ရေး" ၊ "ဗွီ - ကော်ပိုရေးရှင်း" များ၊ "နိုင်ငံတကာ အမှီသဟဲပြုမှု" များ ကမ္ဘာ့ဇာတ်ခုံပေါ် ရောက်လာသည်။ "ဂလိုဘယ်လိုက်ဇေးရှင်း" ကို အရှိန်မြှင့်ပေးလိုက်သော အင်ဂျင်သစ်ပင်။
  • "အင်တာနက်" နှင့် ဝေးနေလျှင် မိုးပေါ်မှ ပညာမှာ မမီလောက်သည့်ပန်း ဖြစ်နေသည်။
  • "အသိပညာ" သည် "ပြောင်းလဲခြင်း" ( Knowledge is Change ) ။ "အရှိန်ပြင်းခဏ0ယ်လူ့ဘောင်" ( High Transience Society ) တွင် လိုက်လျောညီထွေ နေထိုင်ရေးသည် လူ့ဘ၀။ "စပိခေတ်ကြီး" မှာ အကောင်ကြီး အထနှေးများ အလုပ်မဖြစ်နိုင်။ "အချိန်" သည် "ငွေ" ( Time is Money ) ။ "စပိ" သည် "အခွင့်အလမ်း" ( Speed is Opportunity ) ။ "အသွက်အမြန်" ( Dynamic ) ဖြစ်ရန် လိုသည်။
  • "အင်တာနက်" နှင့် ချိတ်ဆက်နိုင်လျှင် "ကလစ်" တစ်ချက်နှိပ်ရုံဖြင့် ကမ္ဘာကြီးတစ်ခုလုံး သင့်ရှေ့ ရောက်လာနိုင်သည်။
  • "အင်တာနက်" မှာ ကမ္ဘာသုံး စီးပွါးရေးကြီးတစ်ခု၊ ကမ္ဘာ့မီဒီယာကြီးတစ်ခု၊ ကမ္ဘာ့အင်ဖော်မေးရှင်းဖိုရမ်ကြီး တစ်ခု။ ကမ္ဘာကြီးကို ရစ်ပတ်နှောင်ဖွဲ့ထားသော၊ အနာဂတ်လူသားတို့ ရှောင်လွှဲမရနိုင်သော "ကမ္ဘာ့ပင့်ကူအိမ်ကြီး" ပင် ဖြစ်တော့သည်။

Friday, September 7, 2007

ဝန်ဆောင်မှုများ



  • ရေခြားမြေခြားရှိ ဆွေမျိုးသားချင်းများနှင့် ကုန်ကျစရိတ် သက်သာစွာ စကားပြောဆိုနိုင်ရန် စီစဉ်ပေးခြင်း။
  • Connection Failure မဖြစ်အောင် အထူးပြုဆောင်ရွက်ထားခြင်း။
  • ပုံမှန်အသုံးပြုလိုသူများအတွက် Member Card နှင့် Prepaid Card များ စီစဉ်ပေးထားခြင်း။
  • CD, DVD, Floppy များ ကူးပေးခြင်း။
  • Printing / Scanning Serviceများကို အရည်အသွေး ကောင်းမွန်စွာ ဆောင်ရွက်ပေးခြင်း။
  • Chatting လုပ်ရင်း၊ သီချင်းနားထောင်နိုင်အောင် သီချင်းများကို တစ်စုတစ်စည်းတည်း ပြုလုပ်ပေးထားခြင်း။
  • မိမိ ကူးယူလိုသော သီချင်းများကို mp3, mp4 Players ထဲသို့ ထည့်ပေးခြင်း။
  • 17" Monitor များကို Air Condition အခန်းထဲတွင် Customer များ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ခြင်း။
  • Customer များအား အကူအညီ ပေးနိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ အချိန်ပြည့်ရှိနေခြင်း။
  • USB Stick များ အသုံးပြုနိုင်ခြင်း။
  • GMail တို့ကို အသုံးပြုနိုင်ပြီး လိုအပ်လျှင် Customer များအတွက် အီးမေးလ် လိပ်စာ အခမဲ့ ပြုလုပ်ပေးခြင်း။
  • On Line D.Form လျှောက်ခြင်းများကို လွယ်ကူစွာ ပြုလုပ်နိုင်ခြင်း။